ဈေးကွက်ဈေးနှုန်း

မကွေးတိုင်းဒေသကြီး၊မကွေးကုန်စည်ဒိုင်မှယခင်တစ်ပတ်နှင့် (၂၄-၈-၂၀၂၀)ရက်နေ့ကာလတူစျေးနှုန်းနှိုင်းယှဉ်ချက်

Last Updated:

 

မကွေးကုန်စည်ဒိုင် အပတ်စဉ်ကာလတူ စျေးနှုန်းသုံးသပ်ချက်

 

 

နှမ်း

          ယခင်(၁၇--၂၀၂၀)ရက်နေ့ စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက နှမ်းဂွနက်(ရိုးရိုး)(၅ဝဝဝိ/-)၊ နှမ်းဖြူ (မကွေး)(၁ဝဝဝိ/-)၊ နှမ်းဖြူ(ရေသွင်း)(၂၀၀၀ိ/-)၊ နှမ်းနီ(၄၀၀၀ိ/-)၊ နှမ်းညိုကြား(၂ဝဝဝိ/-)ကျပ် ကျပ်စျေးကျကာ အရောင်းအဝယ် ဖြစ်လျှက်ရှိပါသည်။ မကွေးမြို့ပေါ်တွင် နှမ်းမျိုးစုံ အရောင်းအဝယ် ဖြစ်မှုမှာ တစ်နေ့လျှင် အိတ်အရေအတွက်(၄၀၀မှ၅၀၀)ဝန်းကျင် အရောင်းအဝယ် ဖြစ်လျက်ရှိ ပါသည်။

 

ပဲမျိုးစုံ

          ပဲမျိုးစုံမှာ  ယခင်(၁၇--၂၀၂၀)ရက်နေ့ စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက ပဲတီစိမ်း(၁ဝဝဝိ/-)၊ ကုလားပဲ (929)(၄၀ဝိ/-)၊ ကုလားပဲ(HL)(၃ဝဝိ/-)၊ ပဲစဉ်းငုံနီ(သစ်)(၅ဝဝိ/-)၊ ပဲစဉ်းငုံနီ(ဟောင်း)(၂ဝဝိ/-)ကျပ်တို့ဖြင့် ဈေးကျကာ ပဲထောပတ်(၂ဝဝိ/-)ကျပ်ဈေးတက်ပြီး ကျန်ပဲမျိုးစုံစျေးများ အပြောင်းအလဲမရှိဘဲ အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

 

မြေပဲဆံ

          မြေပဲဆံအနေဖြင့်် ယခင်(၁၇--၂၀၂၀)ရက် စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက မြေပဲလုံးဆံနီ(လိုင်း) (၁၀၀ိ/-)၊ မြေပဲလုံးဆံဖြူ(လိုင်း)(၂၀၀ိ/-)ကျပ်တို့ဈေးတက်ပြီး မြေပဲတောင့်မျိုး(နီ)(၁၀ဝဝိ/-)ကျပ်စျေး ကျကာ ကျန်မြေပဲလုံးဆံဈေးများ အပြောင်းအလဲမရှိဘဲ အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

 

ဆီ

          ဆီအနေဖြင့်် မကွေးကုန်စည်ဒိုင်စျေးအရ (၁၇..၂၀၂၀)ရက်နေ့နှင့် နှိုင်းယှဉ်ပါက မြေပဲဆီ (၃၀၀ိ/-)ဈေးတက်ပြီး စားအုန်းဆီ(၁၀ိ/-)ကျပ်စျေးကျကာ နှမ်းဆီစျေးအပြောင်းအလဲမရှိဘဲ အရောင်း အဝယ် ဖြစ်လျှက်ရှိပါသည်။

 

ဆန်

          ဆန်စျေးအနေဖြင့်် မကွေးကုန်စည်ဒိုင်စျေးအရ (၁၇..၂၀၂၀)ရက်နေ့နှင့်နှိုင်းယှဉ်ပါက ပေါ်ဆန်းမွှေး(ဖျာပုံ)၊ ပေါ်ဆန်းမွှေး(ရွှေဘို)၊ ဧရာပဒေသာခပ်ချက်(ကုန်းဇောင်း)တို့မှာ စျေးအပြောင်း အလဲမရှိဘဲ အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်